မြန်မာနိုင်ငံသားတစ်ဦး မလေးရှား ၆ လုံးထီ ပေါက်၍ မြန်မာငွေကျပ်သိန်း ၂၀၀၀ ခန့်ရရှိ

0
328

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားတစ်ဦး မလေးရှား ၆ လုံးထီပေါက်၍ မြန်မာငွေကျပ်သိန်း ၂၀၀၀ ခန့်ရရှိခဲ့သည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

မလေးရှား ၆ လုံးထီအား ရင်းဂစ် ၃ ကျပ်ဖိုးအား ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ ၄ ရက်ကပေါက်ခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေအား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၈ ရက်မှသာထုတ်ယူခဲ့ခြင်းဖြစ်သည်။

ဆုကြေးငွေထုတ်ယူနိုင်ရန် နှလုံးလှပရဟိလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံဆက်သွယ်အကူအညီတောင်းခံခဲ့၍ ကူညီထုတ် ပေးခဲ့ရာ ထီကံထူးသူမှ ရင်းဂစ် ၅၀၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မလေးရှား ၆ လုံးထီ ရင်းဂစ် ၃ ကျပ်ဖိုးပေါက်ခဲ့သည့် မြန်မာနိုင်ငံသားသည် မန္တလေးတိုင်း၊မြင်းခြံမြို့နယ်တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here