မြန်မာ-ရုရှား နှစ်နိုင်ငံကြား သဘာဝဘေးအန္တ ရာယ်ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးတို့၌ ပူးပေါင်းဆောင်ရွက်သွားမည်

0
162

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနှင့် ရုရှားနိုင်ငံ၏ EMERCOM နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Vladimir Soloviev တို့ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

မြန်မာသံအမတ်ကြီးဦးလွင်ဦးသည် ရုရှားနိုင်ငံ National Crisis Management Centre သို့ ဇန်နဝါရီ ၂၇ ရက်က သွားရောက်လေ့လာပြီးနောက် ရုရှားနိုင်ငံ၏ EMERCOM နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံကြား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေး နွေးခဲ့ကြသည်။ 

မြန်မာသံအမတ်ကြီးသည် ရုရှားနိုင်ငံ၊လူထုကာ ကွယ်ရေး၊အရေးပေါ်အခြေအနေများနှင့်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာဝန်ကြီးဌာန (EMERCOM) လက်အောက်ရှိ National Crisis Management Centre သို့ သွားရောက်လေ့လာရာ  National Crisis Management Centre မှ တာဝန် ရှိသူများက စင်တာ၏လုပ်ငန်းတာဝန်များ၊သ တင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်နှင့်ကယ် ဆယ်ရေးလုပ်ငန်းများအား အခြားဌာနအဖွဲ့အ စည်းများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊အိမ်နီး ချင်းနိုင်ငံများ၊မိတ်ဖက်နိုင်ငံများနှင့်သဘာဘေး အန္တရာယ်ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here