ထိုင်းနိုင်ငံ၊ရနောင်းမြို့၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ နှစ်ရက်ဆက်တိုက်ဆန္ဒပြ

0
208

ထိုင်းနိုင်ငံ၊ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး ၏ အချုပ်ခန်းအတွင်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ ဇန်နဝါရီ ၂၈ ရက်မှစတင်၍ ဆန္ဒပြခဲ့ကြပြီး ဇန်နဝါရီ ၂၉ ရက်(ယနေ့) တွင်လည်း ဆက်လက်ဆန္ဒပြနေကြကြောင်း သိရသည်။

ဆန္ဒပြနေသည့်မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ပြစ်ဒဏ်စေ့ချိန်တွင် ထိုင်းနိုင်ငံ လဝက မှတဆင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရန် ရနောင်းမြို့ရှိ လဝက ရုံးသို့ပို့ဆောင်ထားခြင်းခံရသူများဖြစ်ကြောင်း သိရသည်။

ဆန္ဒပြရာ၌ မြန်မာနိုင်ငံသို့အမြန်ဆုံးပြန်လည်ပို့ ဆောင်ပေးရန် တောင်းဆိုခဲ့ကြပြီး ရနောင်းမြို့ရှိ လဝက ရုံးအချုပ်ခန်းတွင် ရောက်ရှိနေသည်မှာ ၆ လခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

ရနောင်းမြို့ရှိ လဝက ရုံးအချုပ်ခန်းအတွင်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းပို့ဆောင်ရမည့် မြန်မာနိုင်ငံသား ၆၀၀ ဦးကျော်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် မြန်မာနိုင်ငံကိုပြန်ပို့ပေးဖို့ ရနောင်းကိုရောက်နေတာ ၆ လလောက်ရှိပြီလို့သိထားတယ် အခုချိန်အထိပြန်မပို့ပေးသေးဘူး ကျခံခဲ့ရတဲ့ပြစ်ဒဏ်ကလည်း လွတ်ပြီးသားကို အခုဒီမှာထပ်ပြီး အချုပ်ခံထားရတဲ့အနေအထားဖြစ်နေတာရယ် ပြန်ပို့ဖို့အချိန်အရမ်းကြာနေတာရယ်ကြောင့် ဆန္ဒပြတာတွေဖြစ်လာတာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးအားကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here