မန္တလေးတွင် နေအိမ်တစ်လုံးရှေ့ လက်လုပ်ဗုံးပေါက်ကွဲ၍ အမျိုးသမီး ၂ ဦးဒဏ်ရာရ

0
215

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့တွင် ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးက အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊အကွက် (၃၂)၊ ၇၃-စီ လမ်း၊ ၄ လမ်းနှင့် ၅ လမ်းကြားရှိ နေအိမ်တစ်အိမ်ရှေ့သို့ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

လက်လုပ်ဗုံးပေါက်ကွဲခဲ့သဖြင့် ယင်း နေအိမ်အနီးရှိ အသက်(၅၂)နှစ်အရွယ်နှင့်အသက်(၅၆)နှစ်အရွယ် အမျိုးသမီးကြီး ၂ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အိမ်ရှေ့မှာပေါက်သွားတာ ဗုံးစထိသွားတဲ့ အ မျိုးသမီး ၂ ယောက်ရှိတယ် မစိုးရိမ်ရပါဘူး “ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူ ၂ ဦးအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here