လုပ်အားခနစ်နာကြေး ပထမအကြိမ်အဖြစ် ထိုင်းဘတ် ၅ သောင်းခန့်ရရှိမည့် မြန်မာနိုင်ငံသူအနေဖြင့် အမြန်ဆုံးဆက်သွယ်ပေးရန်အသိပေး

0
177

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ လုပ်အားခနစ်နာကြေးရရှိမည့် မြန်မာနိုင်ငံသူအား အမြန်ဆုံဆက်သွယ်ပေးရန် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသူဖြစ်သည့် မနန်းမြင့်မြင့်အေး ပတ်စ်ပို့နံပါတ် MC708935 ကိုင်ဆောင်ထားသူသည် ဗန်ကောက်မြို့ရှိ လက်ဖလောက်လမ်းတွင် အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

အလုပ်လုပ်ကိုင်နေစဥ် လုပ်အားခရရှိခြင်းမရှိသဖြင့် လုပ်အားခရရှိလိုမှုဖြင့်တိုင်ကြားခဲ့ရာ မနန်းမြင့်မြင့်အေးသည် ဗန်ကောက်နယ်မြေ-၄ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှ ပထမအကြိမ်အဖြစ် ထိုင်းဘတ် ၄၈၉၆၇ ရရှိရန်ရှိခဲ့သည်။

ထို့ကြောင့် မနန်းမြင့်မြင့်အေးအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံး၏ ဖုန်း ၀၂၀၀၃၀၀၁၅ သို့အမြန်ဆုံးဆက်သွယ်ပေးရန်နှင့်သိကျွမ်းသူများမှတဆင့်လည်း ပြောကြားပေးပါရန် အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here