ယနေ့နံနက်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၉၀ ဒီဂရီပင့်ထောင်ပူဇော်ပြီးဖြစ် ၇၂ နာရီ ၅၀ မိနစ်ကြာမြင့်ခဲ့

0
255

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ပင့်ဆောင်ပူဇော်ရန်ပင့်ထောင်ရာ၌ ဇန်နဝါရီ ၂၉ ရက်(ယနေ့)နံနက် ၉ နာရီတွင် ၉၀ ဒီဂရီပင့်ထောင်ပြီးပြီဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော်အပိုင်း(၁/၂/၃)တို့အား တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး ဗန်းမော်ဆရာတော်ကြီး၊သီတဂူဆရာတော်ကြီးတို့ကြွရောက်ချီးမြှင့်တော်မူခဲ့ကာ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တက်ရောက်ကြည်ညိုပူဇော်ခဲ့သည်။

သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ ပင့်ထောင်ပူဇော်ခဲ့ကြရာ ယမန်​နေ့ည ၇ နာရီတွင် ၄၅ ဒသမ ၉ ဒီဂရီ၊ ည ၁၂ နာရီတွင် ၆၈ ဒသမ ၆ ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီးခဲ့ကာ ဇန်နဝါရီ ၂၉ ရက် (ယနေ့)နံနက် ၉ နာရီတွင် ၉၀ ဒီဂရီပင့်ထောင့်ပြီးဖြစ်ပြီး စုစု​ပေါင်းကြာမြင့်ချိန် ၇၂ နာရီ ၅၀ မိနစ်ရှိကြောင်း သိရသည်။

ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့်ဆင်းတု တော်ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်တို့၏ အလေးချိန် ၂၃၆၇ ဒသမ ၅ တန်တို့အား သံမဏိမျှော်စင်တွင်ဝန်ချီစက် ၈ လုံးတို့ကပင့်ဆောင်ထားသည်။

ဆင်းတုတော်အစိတ် အပိုင်းကြီးအား ပလ္လင်တော်ထက်သို့ ပင့်ဆောင်သည့်လုပ်ငန်းစဥ်သာကျန်ရှိ​တော့သည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော်များကိုလည်း ထပ်မံထည့်သွင်းလှူဒါန်း ပူဇော်မည်ဖြစ်ကာ လှူဒါန်းလိုသူများအနေဖြင့် ဖေဖော်ဝါရီ ၈ ရကိအထိ လှူဒါန်းနိုင်ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊တိုင်း ပြည်အေးချမ်းသာယာမှုရှိစေရန်၊ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ် ၍ သာသနာတော်ထုံး၊ရုပ်ပွားဆင်းတုတော်ထုံး၊မြန်မာ့ရိုးရာတည်ထုံးများ၊ဌာပနာပုံကျမ်း၊ဗိသုကာကျမ်း၊မဟာဗုဒ္ဓဝင်ကျမ်းအစရှိသည့် စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here