တရုတ်၊ထိုင်းနှင့်လာအို ရထားလမ်းဖောက်လုပ်ရေးဆွေးနွေး

0
157

ထိုင်းနှင့်လာအိုတို့သည် သုံးနှစ်မှငါးနှစ်အတွင်း ကုန်သယ်ယူစရိတ် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည့် တရုတ် – လာအို – ထိုင်း မီးရထားလမ်းဖောက်လုပ်ရေးအတွက် ဆွေးနွေးနေကြောင်း ရထားပို့ဆောင်ရေးဌာန (DRT) က စနေနေ့တွင်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရထားပို့ဆောင်ရေးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Athipu Chitranukroh နှင့် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Kitjaluck Srinuchsart တို့က အဆိုပါကိစ္စအားဆွေးနွေးရန် လာအိုသို့မကြာသေးမီကသွားရောက်ခဲ့ကြောင်းလည်းသိရသည်။

ယခုရထားလမ်းကို လက်ရှိအခြေခံအဆောက်အဦများနင့် ဘေးချင်းယှဥ်၍ ဖေါက်လုပ်မည်ဖြစ်ပြီး ဤလမ်းသည် ထိုင်းနိုင်ငံကိုသာမကအိမ်နီးချင်းနိုင်ငံများကိုပါ အကျိုးရှိ စေမည်ဖြစ်ကြောင်း လေ့လာသူများကပြောကြားခဲ့သည်။

ယခု ထိုင်း – လာအိုစီမံချက်၌ တစ်နေ့လျှင်ရထား ၁၄ စီးအထိပြေးဆွဲသွားမည်ဖြစ်ပြီး လာအိုနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများပါ ပိုမိုရရှိနိုင်ကြောင်းမျှော်လင့်ထားကြသည်။ယင်းသို့ရထား ၁၄ စီးဖြင့်ပြေးဆွဲပေးနိုင်ပါက နောက်ပိုင်းတွင်ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုတိုးလာနိုင်သည်ဟုခန့်မှန်းထားကြသည်။

Source : Bangkok Post


LEAVE A REPLY

Please enter your comment!
Please enter your name here