ပါကစ္စတန်၌ ဘတ်စ်ကားတစ်စီးတံတားပေါ်မှ ထိုးကျပြီးမီးလောင်သဖြင့်လူ ၄၁ ဦးသေဆုံး

0
195

ပါကစ္စတန်၊ဇန်နဝါရီ ၂၉

ပါကစ္စတန်နိုင်ငံ၌ ဘတ်စ်ကားတစ်စီး တံတားပေါ်မှထိုးကျကာ မီးလောင်သဖြင့်စုစုပေါင်း လူ ၄၁ ဦးအထိသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါကားပေါ်၌ စုစုပေါင်းလူ ၄၈ ဦးလိုက်ပါလာကြောင်းသိရပြီး လက်ရှိအချိန်ထိ ၄၁ ဦးသေဆုံးကာ အသက်ရှင်သူ ၃ ဦးအား ကယ်ထားပေးနိုင်ကြောင်းသိရသည်။

သေဆုံးသူများကို မည်သူမည်ဝါဟူ၍အတည်မပြုနိုင်သေးဘဲ ယာဉ်မောင်းသည် ကားမောင်းလာစဉ် အိပ်ငိုက်သွားကာအရှိန်မထိန်းနိုင်လိုက်ခြင်းဖြစ်နိုင်သည်ဟု အကြီးတန်းအရာရှိတစ်ဦးကယူဆသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကိုလည်း ဆက်လက်စုံစမ်းသွားမည်ဖြစ်ပြီး ဆိုးဆိုးရွားရွားပျက်စီးနေသောရုပ်အလောင်းများကိုမူ မည်သူမည်ဝါဟုအတည်ပြုနိုင်ရန် DNA စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here