ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့် အနိုင်ရခဲ့တဲ့ သွေးသစ်ဝင်းလှိုင်

0
411

The Great Lethwei ခေါင်တွဲဆိုင်းအဖြစ်် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ယနေ့ (ဇန်နဝါရီ ၂၉ ရက်) ယှဉ်ပြိုင်ထိုးသတ်ရာ စိန်ခေါ်သူ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့် အနိုင်ရခဲ့သည်။

သုံးမိနစ် ငါးချီ အပြည့် ယှဥ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အနိုင်အရှုံး မထွက်ပေါ်ခဲ့သည့်အတွက် ဒိုင်ဆုံးဖြတ်ချက်အမှတ်ဖြင့် ဆုံးဖြတ်ရာ သွေးသစ်လှိုင်က အနိုင်ရခဲ့သည်။

အဆိုပါပွဲစဉ် လေးချီမြောက်တွင် သွေးသစ်ဝင်းလှိုင်၏ ထိုးချက်များကြောင့် ထွန်းထွန်းမင်း နှစ်ကြိမ်တိုင်အမှတ်စဉ်ရေခဲ့ရသည်။

”ဒီပွဲမှာ နိုင်တဲ့သူကို ကျွန်တော့်အနေနဲ့ စိန်ခေါ်ခွင့်ပေးပါမယ်။ ဘုရင်ဖြစ်ဖို့ဆိုရင် ဘုရင်ကို အနိုင်ယူပြီးမှ ရတာပါ။ ကျွန်တော့်အနေနဲ့ နောက်ထပ်စိန်ခေါ်မယ့်သူအတွက် အဆင်သင့်ဖြစ်ပါပြီ။ ဖိုက်တာနှစ်ယောက်စလုံး ကံကောင်းပါစေ။” ဟု လက်ရှိ လက်ဝှေ့ချန်ပီယံဒေဝ (Dave Leduc) က ယခုပွဲစဉ်မတိုင်မှီပြောကြားထားသည်။

ထွန်းထွန်းမင်းကို အနိုင်ရခဲ့သည့် အတွက် သွေးသစ်ဝင်းလှိုင်သည် လက်ရှိ ချန်ပီယံ ဒေ၀ကို စိန်ခေါ်ထိုးသတ်နိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here