ရန်ကုန်မြို့ရှိ YP စက်သုံးဆီအရောင်းဆိုင်နေရာ ၆ ခုအတွက် ထုတ်ပေးထားသည့် နှစ်(၆၀)မြေဌားစာ ချုပ်(ဂရမ်)များကို ပယ်ဖျက်

0
414

ရန်ကုန်မြို့တော်စည်ပင်၊မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ Yangon Petro Co.,Ltd ၏စက်သုံးဆီအရောင်းဆိုင်နေရာ ၆ ခုအတွက် ထုတ်ပေးထားသည့် နှစ် (၆၀)မြေဌားစာချုပ်(ဂရမ်)များအား ပယ်ဖျက်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်းကြော်ငြာခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မြေနေရာတစ်ခု၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြေနေရာနှစ်ခု၊ဒလမြို့နယ်ရှိ မြေနေရာတစ်ခု၊မရမ်းကုန်းမြို့နယ်ရှိ မြေနေရာတစ်ခုနှင့်သင်္ဃန်းကျွန်းမြို့နယ်ရှိ မြေနေရာတစ်ခုတို့၏ နှစ်(၆၀)မြေဌားစာချုပ်(ဂရမ်) များအား ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ Yangon Petro Co.,Ltd ၏ စက်သုံးဆီအရောင်းဆိုင်မြေနေရာများအတွက် ထုတ်ပေးထားသည့် နှစ်(၆၀)မြေဌားစာချုပ်(ဂရမ်)များအား ပယ်ဖျက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကြော်ငြာချက်အရ သိရသည်။

အဆိုပါ Yangon Petro Co.,Ltd ၏ စက်သုံးဆီအရောင်းဆိုင်မြေနေရာများအား ရန်ကုန်တိုင်းဝန် ကြီးချုပ်(ဟောင်း)ဦးဖြိုးမင်းသိန်းလက်ထက်က နှစ်(၆၀)မြေဌားစာချုပ်(ဂရမ်)ဖြင့် ဌားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here