မကွေးမြို့ရှိ ဧရာဝတီမြစ်အတွင်းရေနစ်ပျောက် ဆုံးသူအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့

0
387

မကွေးတိုင်း၊မကွေးမြို့နယ်၊မြို့ဟောင်းရပ်ကွက်ရှိ ဧရာဝတီမြစ်အတွင်း ဇန်နဝါရီ ၂၉ ရက်(ယနေ့) နေ့လည်ပိုင်းက အမျိုးသားတစ်ဦး ရေနစ်ပျောက် ဆုံးခဲ့သည်။

ယနေ့နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့်က မကွေးမြို့၊မြို့ဟောင်းရပ်ကွက်၊ကမ်းနားလမ်းရှိ ဒေါ်လုံမဆိပ်ကမ်းတွင် အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်းသို့ ရေဆင်းချိုးရာမှရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရေနစ်ပျောက်ဆုံးနေသူအား မကွေးခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသားအား မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် သေဆုံးလျက်ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ရုပ်အလောင်းအား မကွေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here