အောင်ဇမ္ဗူဆရာတော်ကြီးမှ သံဃာတော် ၁၃၀၀ ကျော်အား အရုဏ်ဆွမ်းနှင့်သီလရှင်အပါး ၁၀၀၀ အားဆွမ်းဆန်စိမ်းများလောင်းလှူ

0
220

အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဏာဝံသ (အောင်ဇမ္ဗူဆရာတော်)၏ သက်တော်(၆၀)နှစ်ပြည့် မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့၌ လောင်းလှူခဲ့ခြင်းဖြစ်သည်။

ယင်းနေ့နံနက် ၄ နာရီခွဲတွင် အောင်ဇမ္ဗူဆရာ တော်ကြီးမှ ပင့်သံဃာတော် ၁၃၀၀ ပါးကျော်အား အရုဏ်ဆွမ်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများအားလောင်းလှူခဲ့ပြီး နေ့လည်ပိုင်းတွင်လည်း သီလရှင်အပါး ၁၀၀၀ အား ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။

အောင်ဇမ္ဗူဆရာ​တော်သည် ဇန်နဝါရီ ၂၆ ရက်ကလည်း သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအဖြစ် ရန်ကုန်မြို့ရှိ Lotte Hotel ၌အလှူပွဲကျင်းပကာ သီရိလင်္ကာနိုင်ငံသို့ ဆန်အိတ် ၁၀၀၀ လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးက လက်ခံရယူခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၂၅ ရက်ကလည်း အောင်ဇမ္ဗူဆရာတော်ကြီး၏ မွေးနေ့အကြိုအဖြစ် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပရိယတ္တိစာသင်တိုက်ကြီး ၃၀ တိုက်အား ပစ္စည်းလေးပါးအလှူအဖြစ် ကျပ်သိန်း ၅၀ ပါဘဏ်စာအုပ်များကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here