တာလီဘန်များက အာဖဂန်အမျိုးသမီးငယ်များအား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ပိတ်ပင်

0
127

အာဖဂန်နစ္စတန်ရှိ အစိုးရနှင့်ပုဂ္ဂလိကတက္ကသိုလ်အားလုံးတွင် ယခုနှစ်အတွက်အမျိုးသမီး ကျောင်းသူများအား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကို တာလီဘန်တို့ကတားမြစ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများကဖော်ပြခဲ့သည်။

အစိုးရပိုင် (သို့မဟုတ်) ပုဂ္ဂလိကကောလိပ်များတွင် ပညာဆက်လက်သင်ကြားရန်အထက်တန်းကျောင်းဆင်းသူ ထောင်ပေါင်းများစွာသည် နှစ်စဉ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုကြရသည်။

အာဖဂန်နစ္စတန် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၏ နောက်ဆုံးအမိန့်အရ ပညာရေးဆိုင်ရာအဖွဲ့အစည်းများတွင် အမျိုးသမီးကျောင်းသူများအား ကျောင်းအပ်ခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်စနေနေ့မှစတင်၍ ပိတ်ပင်လိုက်ကြောင်းကြေငြာခဲ့သည်။

အဆိုပါကြေငြာချက်၌ ပုဂ္ဂလိကအဖွဲ့အစည်းများသည် တာလီဘန်တို့၏စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး အမျိုးသမီးကျောင်းသူများအား ပုဂ္ဂလိကတက္ကသိုလ်များသို့ ဝင်ခွင့်ကန့်သတ်သည့် အမိန့်အားချိုးဖောက်ပါက ပြစ်ဒဏ်ကျခံရမည်ဟုဆိုထားသည်။

အမျိုးသမီးများတက္ကသိုလ်တက်ရောက်ပညာသင်ကြားခွင့်နှင့် ပြည်တွင်းပြည်ပအင်န်ဂျီအိုများ၌ အလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်ခြင်းအား နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ရှုံ့ချနေသည့်ကြားမှပင် ယခုကြေငြာချက်ထပ်မံပေါ်ထွက်လာခြင်းဖြစ်သည်။

အာဖဂန်ရှိအမျိုးသမီးများသည် ပန်းခြံ၊အားကစားခန်းမကဲ့သို့သော အများပြည်သူဆိုင်ရာနေရာများသို့သွားခြင်းကိုပင်တားမြစ်ထားခြင်းခံရပြီး နိုင်ငံ့လုပ်သားအင်အားစုမှ အမျိုးသမီးများကိုဖယ်ထုတ်ထားခြင်းခံရကာ အိမ်နံရံလေးဘက်အတွင်း၌သာပိတ်လှောင်ထားခြင်းခံနေရသည်။

Source :WION


LEAVE A REPLY

Please enter your comment!
Please enter your name here