ပါကစ္စတန်တွင် လှေတိမ်းမှောက်မှုကြောင့် ကလေးငယ် ၁၀ ဦးထက်မနည်း သေဆုံး

0
109

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၂၉ ရက် တနင်္ဂနွေနေ့က ဘာသာရေးကျောင်းမှ ကျောင်းသားများကို တင်ဆောင်လာသော လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ ကလေးငယ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကျောင်းသား ရှစ်ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒဏ်ရာရရှိထားသော ကျောင်းသား ခုနစ်ဦးကိုမူ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ခိုင်ဘာ ပက်တွန်ခဝါခရိုင်ရှိ တာဝန်ရှိသူများက ပြောသည်။

ဒေသခံ ဘာသာရေးကျောင်းမှ ကျောင်းသား ၅၀ ခန့်သည် တန်ဒါရေကန် အနီးတွင် ပျော်ပွဲစားထွက်ရန်အတွက် စုဝေးခဲ့ရာမှ ထိုသို့ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း ကိုဟတ်မြို့ရှိ ခရိုင် ကော်မရှင်နာ မာမူ့ အက်စ်လမ် ကဆိုသည်။

ကျောင်းသား ၂၅ ဦးသည် လှေမတိမ်းမှောက်မီ လှေပေါ်မှ စွန့်ခွာနိုင်ခဲ့သည်ဟုလည်း သူက ပြောသည်။

သေဆုံးသွားသူများမှာ အသက် ၇ နှစ်မှ ၁၂ နှစ်ကြားအရွယ် ကျောင်းသားများဖြစ်ကြောင်း ကော်မရှင်နာက ရိုက်တာသတင်းဌာနသို့ ပြသခဲ့သော စာရင်းတွင် ဖော်ပြထားသည်။

Source: CGTN


LEAVE A REPLY

Please enter your comment!
Please enter your name here