အီရန်၌ငလျင်လှုပ်ခတ်မှုကြောင့် သုံးဦးသေဆုံးကာ ရာချီဒဏ်ရာရ

0
224

တေရန်၊ဇန်နဝါရီ ၂၉

စနေနေ့နှောင်းပိုင်းက တူကီယေးနယ်စပ်အနီး အီရန်အနောက်မြောက်ပိုင်းတွင် ပြင်းအား ၅ ဒသမ ၉ ရစ်ခ်တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၃ ဦး ထက်မနည်း သေဆုံးပြီး ၈၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

ငလျင်လှုပ်ခတ်မှုအပြီးတွင် အပျက်အစီးအတိုင်းအတာကိုအကဲဖြတ်ပြီး ကယ်ဆယ်ရေးဆောင်ရွက်ရန် အဖွဲ့ ၁၅ ဖွဲ့စေလွှတ်ထားကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။ငလျင်ဒဏ်ခံခဲ့ရသည့်ဒေသသို့ ပြည်ထဲရေးဝန်ကြီးလည်းသွားရောက်ခဲ့ကြောင်းသိရှိရသည်။

အီရန်၌ငလျင်လှုပ်ခတ်မှုသည် မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း လူရာချီဒဏ်ရာရစေခဲ့သော အင်အား ၅ ဒသမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးသည်။ ၂၀၂၀ ပြည့်နှစ်ကလှုပ်ခတ်ခဲ့သည့် ငလျင်၌လည်း လူ ၉ ဦးခန့်သေဆုံးခဲ့ပြီး ၂၀၁၃ ခုနှစ်ကလှုပ်ခဲ့သည့်ငလျင်သည် အဆိုးရွားဆုံးဖြစ်ကာ လူ ၃၄,၀၀၀ ထက်မနည်းဆုံးသေဆုံးခဲ့ကြောင်းသိရသည်။

၂၀၁၃ ခုနှစ်ထက်ပိုဆိုးသော ငလျင်သည် ၁၉၉၀ ပြည့်နှစ်ကလှုပ်ခတ်ခဲ့ပြီး လူပေါင်း ၄၀,၀၀၀ ကိုသေဆုံးစေခဲ့ကာ သုံးသိန်းနီးပါးဒဏ်ရာရရှိခဲ့ပြီး သန်းချီသောလူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here