ယူကရိန်းသို့ တိုက်လေယာဉ်များ စေလွှတ်မည် မဟုတ်ဘူးဟု ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ်ရှို့ဇ်က အတည်ပြု ပြောကြား‌လာ

0
210

ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ် ရှို့ဇ်သည် ယူကရိန်းက တောင်းဆိုထားသော တိုက်ခိုက်ရေး လေယာဉ်များအား ပေးပို့မည်မဟုတ်ကြောင်းကို ဇန်နဝါရီလ ၂၉ ရက် တနင်္ဂနွေနေ့က ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

“တိုက်လေယာဉ်ပေးပို့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမျိုး ရှိလာမှာကို မဟုတ်ပါဘူး၊ လက်နက်တွေနဲ့ ပတ်သက်လာရင် တစ်ယောက်နဲ့ တစ်ယောက် ပိုသာဖို့အတွက် အမြဲလိုလို ပြိုင်ဆိုင်မနေကြဖို့ပဲ အကြံပေးနိုင်ပါတယ်” ဟု ရှို့ဇ်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည့် တားဂတ်ရှပီဂယ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။

ကိယက်ဗ်နှင့် ၎င်း၏ အနောက်နိုင်ငံ မဟာမိတ်များသည် စစ်လေယာဉ်များနှင့် တာဝေးပစ် ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ အလျင်စလို ပြုလုပ်နေသည်ဟု ယူကရိန်း ထိပ်တန်း အရာရှိတစ်ဦးက စနေနေ့တွင်‌ ပြောကြားခဲ့ရာ ရှို့ဇ်က ယခုကဲသို့ ပြန်လည် ဖြေကြားလာခြင်းဖြစ်သည်။

ရှို့ဇ်သည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ကတည်းက စစ်ရေးအခြေအနေ တင်းမာလာမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တိုက်လေယာဉ်များကိုမူ ယူကရိန်းသို့ ပေးပို့သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသည် ဘာလင်နှင့် ဝါရှင်တန်တို့က တင့်ကားပေးပို့မည်ဟု ကြေညာပြီးနောက် ချက်ချင်းဆိုသလို တိုက်လေယာဉ်များပါ ကူညီရန် တောင်းဆိုခဲ့သည်။

Source: POLITICO


LEAVE A REPLY

Please enter your comment!
Please enter your name here