မုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် ၄၈ နာရီအတွင်း မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်၍ လှိုင်းကြီးမည်ဟု မိုးဇလထုတ်ပြန်

0
348

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် ၄၈ နာရီအတွင်း မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်၍လှိုင်းကြီးမည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီ ၃၀ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

ယင်း မုန်တိုင်းငယ်သည် ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၅၃၀ ခန့်၊ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၅၀ ခန့်အကွာရှိ ပင်လယ်ပြင်အား ဗဟိုပြုနေသည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

မုန်တိုင်းငယ်သည် ကိုကိုးကျွန်းနှင့်ဟိုင်းကြီးကျွန်းမြို့တို့ရှိ ပင်လယ်ပြင်အား ဗဟိုပြုနေသော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားလာမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးဇလကအသိပေးခဲ့သည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် လာမည့် ၄၈ နာရီအတွင်း မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျင် မိုင် ၃၀ မှ ၃၅ မိုင်အထိ လေပြင်းများတိုက်ခတ်ကာ အမြင့် ၇ ပေမှ ၉ ပေခန့်အထိ လှိုင်းကြီးနိုင်သည်ဟု မိုးဇလကအသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်၍ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here