တုပ်ကွေးကြောင့်ငါးရက်လော့ခ်ဒေါင်းချထားသည့် မြို့တော်ပြုံယမ်းအားလော့ခ်ဒေါင်းပြန်ဖွင့်

0
129

ပေကျင်း၊ဇန်နဝါရီ ၃၀

မြောက်ကိုရီးယားသည် တုပ်ကွေးနှင့်အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ပျံ့နှံ့မှုကို ဟန့်တားရန်အတွက် ပြုံယမ်းအားငါးရက်ကြာ‌လော့ခ်ဒေါင်းချထားမှုကို ရုတ်သိမ်းလိုက်ကြောင်း မြို့တော်ရှိရုရှားသံရုံးက တနင်္လာနေ့ကပြောကြားခဲ့သည်။

တုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုအရေအတွက် မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ကတည်းက မြို့တော်ရှိသံတမန်များကို အပြင်ထွက်ခြင်းမပြုရန် မြောက်ကိုရီးယားကတောင်းဆိုခဲ့သည်။  

သို့သော် ဝန်ကြီးဌာနသည် အဆိုပါအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအား ကိုဗစ်ဟူ၍အမည်တပ်ပြောကြားခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့်နှစ်မေလက မြောက်ကိုရီးယား၌ ကိုဗစ်စတင်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဩဂုတ်လ၌ ကိုဗစ်အားလုံးဝထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ကင်မ်ဂျုံအန်းကပြောကြားခဲ့သည်။

မြောက်ကိုရီးယားတွင် ယမန်နှစ်ဧပြီလနှောင်းပိုင်းမှစတင်၍ အဖျားရောဂါဖြစ်ပွားမှု စုစုေပါင်း ၄ ဒသမ ၇၇ သန်းခန့်ရှိခဲ့ေသာ်လည်း  ၇၄ ဦးသာသေဆုံးခဲ့သည်ဟုဆိုသည်။

ပြုံယမ်းသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏နယ်စပ်များကို ပိတ်လိုက်သော်လည်း စီးပွားရေးအရ ၎င်း၏အရင်းနှီးဆုံးနှင့် သြဇာအရှိဆုံးမဟာမိတ်ဖြစ်သည့်တရုတ်နိုင်ငံနှင့်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကိုမူပြန်လည်စတင်ခဲ့သည်။

Source :  Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here