ပါကစ္စတန်နိုင်ငံရှိ ဗလီတစ်ခုအတွင်း အသေခံ ဗုံးခွဲမှုဖြစ်ပွားခဲ့ရာ လူအယောက် ၄၀ ကျော် သေဆုံး၊ ၁၅၀ ဦး ကျော် ဒဏ်ရာရရှိ

0
158

ပတ်ရှာဝါ၊ ဇန်နဝါရီ ၃၀

ပါကစ္စတန်နိုင်ငံ ပတ်ရှာဝါမြို့၊ ရဲကန့်သတ်နယ်မြေ ရှိ ဗလီတစ်ခုတွင် ဇန်နဝါရီလ ၃၀ ရက် တနင်္လာနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၄၄ ဦးထက်မနည်း သေဆုံးပြီး ၁၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေဒီရီးဒင်း ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားသည်။

ဒဏ်ရာရရှိခဲ့သော လူအယောက် ၁၅၀ ကျော်ကိုလည်း လေဒီရီးဒင်း ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

တရားမဝင် တယ်ရဲကီ တာလီဘန် ပါကစ္စတန်  လက်နက်ကိုင်အဖွဲ့ (TTP) သည် အဆိုပါ ပေါက်ကွဲမှုအား သူတို့အဖွဲ့က ပြုလုပ်ခဲ့သည်ဟု ပြောလာသည်။

ပေါက်ကွဲမှုသည် နေ့လည်ဆုတောင်းချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးခွဲသူသည် ဆုတောင်းပွဲအတွင်း အရှေ့မှနေ၍ ဖောက်ခွဲခဲ့သည်ဟု ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောခဲ့သည်။

ပေါက်ကွဲသံသည် အလွန်ကျယ်လောင်သည့်အတွက် အဝေးကပင် ကြားခဲ့ရကြောင်းနှင့် ပေါက်ကွဲပြီးနောက် သေနတ်ပစ်သံများကိုလည်း ကြားခဲ့ရကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားစဉ် ဗလီအတွင်း၌ လူ ၁၂၀ ဦးထက်မနည်း ရှိနေခဲ့ပြီး ဒဏ်ရာရသူ အများစုမှာ ရဲအရာရှိများဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဘီလား ဖယ်ဆီ ၏ ပြောကြားချက်အရ အပျက်အစီးများအောက်တွင် လူငါးဦးမှ ခြောက်ဦးအထိ ပိတ်မိနေသေးကြောင်းနှင့် လက်ရှိတွင်မူ လူတစ်ဦးအား ပြန်လည်ကယ်ဆယ်နိုင်ထားကြောင်း သိရသည်။

အလောင်းများအား ထုတ်ယူနေသော်လည်း ယခုလက်ရှိတွင် အပျက်အစီးအောက်တွက် ပိတ်မိနေသော လူများကို ကယ်ဆယ်နိုင်ရန် ဦးစားပေး လုပ်ဆောင်နေကြောင်း ပတ်ရှာဝါ ဒုတိယ ကော်မရှင်နာ ရှာဖီး အူလာခန်က ပြောကြားခဲ့သည်။

Source:The News


LEAVE A REPLY

Please enter your comment!
Please enter your name here