မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံတောင်သူများပိုင်ဆိုင်သည့် ရော်ဘာ ၄ ဧကနှင့် မန်ဂျန်ရှား ၁ ဧက စုစုပေါင်း ၅ ဧက ပျက်စီးခဲ့

0
221

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီး ဒေသခံတောင်သူများ ပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းများနှင့် မန်ဂျန်ရှားစိုက်ခင်းများအား အမည်မသိလက်နက်ကိုင်များက အကြောင်းမဲ့မီးရှို့ ဖျက်ဆီးသွားခြင်းကြောင့် ဒေသခံတောင်သူများပိုင်ဆိုင်သည့် ရော်ဘာ ၄ ဧကနှင့် မန်ဂျန်ရှား ၁ ဧက စုစုပေါင်း ၅ ဧက ပျက်စီးသွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

စုံစမ်စစ်ဆေးချက်အရ ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အမည်မသိ လက်နက်ကိုင်များ လမိုင်းမြို့ဘက်မှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာခဲ့ပြီး ဒေသခံပြည်သူများပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းနှင့် မန်ဂျန်ရှား စိုက်ခင်းများအား မီးရှို့ဖျက်ဆီးသွားကာ စာကလယ်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်ဖျက်ဆီးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဒေသခံတောင်သူများနှင့်အတူ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် အချိန် ၆ နာရီခန့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

လက်ရှိအချိန်တွင် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးခြံများအား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here