ချမ်းအေးသာစံမြို့နယ်၌ ယနေ့နံနက်ပိုင်း မီးလောင်မှုဖြစ်စဥ်တွင် ၂ ထပ်နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံး

0
122

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်တွင် ဇန်နဝါ ရီ ၃၁ ရက်နံနက်ပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၇ နာရီ ၅၅ မိနစ်ခန့်က ချမ်းအေးသာဇံမြို့နယ်၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ၂ ထပ်နေအိမ် ၂ လုံးတွင် မီး လောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများ၊ပတ်ဝန်းကျင်နေသူ များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၈ နာရီ ၁၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီ ၁၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ဘယ်အိမ်ကစလောင်တယ်ဆိုတာကို စစ်ဆေးနေကြတယ် ၂ ထပ်အိမ် ၂ အိမ်လုံးရဲ့အပေါ်ထပ်တွေအကုန်လောင်ပြီးပျက်စီးသွားတယ် တစ်အိမ်က တော့ အပေါ်ထပ်ကော မီးဖိုခန်းကောလောင်သွားပါတယ် အဲဒီအိမ်က အောက်ကအုတ် အပေါ်က သစ်နဲ့ဆောက်ထားတာ”ဟု မီးလောင်မှုအား ဝိုင်း ဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here