ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပံ့ပိုးမည်မဟုတ်ဟု သမ္မတ ဘိုင်ဒင်ပြောကြား

0
165

အမေရိကန်သည် ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပံ့ပိုးပေးအပ်မည်မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်း အစိုးရကမူ မိမိတို့သည် F-16 ကဲ့သို့သော တိုက်လေယာဉ်များ ရယူလိုကြောင်း ရှင်းရှင်းလင်းလင်းဖွင့်ဟ ပြောကြားခဲ့ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်က M1 Abrams တိုက်ပွဲဝင်တင့်ကားများ လွှဲပြောင်းပေးရေး အတည်ပြုချက်ကို ထပ်ဆင့်သက်တမ်းတိုးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီး၏အကြံပေး ယူရီဆက်ကလည်း “ကျွန်ုပ်တို့သည် F-16 များကိုရလိမ့်မည်”ဟု CNBC သတင်းဌာနသို့ ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။

သို့သော် မစ္စတာဘိုင်ဒင်က ယင်းအထင်တွေးလုံးများအား တနင်္လာနေ့တွင် လုံး၀ ရှင်းလင်းသွားစေခဲ့သည်။ အမေရိကန်က ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ထောက်ပံ့ပေးမည်လောဟု အိမ်ဖြူတော် တောင်ဖက်မြက်ခင်းပြင်တွင် သတင်းသမားများက မေးမြန်းရာမှာ သူက “NO” ဟု ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတက ထိုသို့ပြန်လည်ဖြေကြားလိမ့်မည်ဖြစ်ကြောင်းကို အမေရိကန် တာဝန်ရှိသူများက ယခင်ကတည်းက ကြိုတင်ပြောထားခဲ့ကြပြီးဖြစ်သည်။

သမ္မတဇလန်းစကီးကမူ ယူကရိန်းအရှေ့ပိုင်း၌ ရုရှားတပ်ဖွဲများ၏အဆက်မပြတ်တိုက်ခိုက်ခံနေရသည့် ခက်ခဲသောအခြေအနေကို တန်ပြန်ရင်ဆိုင်ရန်အတွပ် လက်နက်အသစ်များအား ထပ်မံ၍ မြန်မြန်ဆန်ဆန် ပံ့ပိုးကြရန်လိုအပ်နေကြောင်း ယမန်နေ့က  ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here