ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်အား ခြိမ်းချောက်သည်ဆိုခြင်းမှာ လိမ်လည်ပြောဆိုခြင်းဖြစ်ကြောင်း ရုရှားဆို

0
126

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်အား ရုရှားသမ္မတဗလာဒီမာပူတင်က ဖုန်းခေါ်ဆိုမှုအတွင်း ဒုံးကျည်နှင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားသည်။

ဂျွန်ဆင်ပြောသည့်စကားသည် မမှန်ကြောင်း၊ သို့မဟုတ် အတိအကျပြောရလျှင် လိမ်လည်ပြောဆိုခြင်းဖြစ်ကြောင်း သတင်းထောက်များအား Dmitry Peskov က ပြောကြားခဲ့သည်။ ယူကရိန်းကို အနောက်အုပ်စုက နောက်ထပ်လက်နက်များ ထောက်ပံ့ပေးခြင်းသည် ပဋိပက္ခကို သိသိသာသာ တိုးမြင့်လာစေသည်ဟုလည်း Peskov က ပြောကြားခဲ့သည်။

သမ္မတပူတင်သည် ယူကရိန်းနိုင်ငံထဲသို ရုရှားတပ်များချီတက်ရန် အမိန့်မပေးမီ မိမိနှင့် ဖုန်းပြောဆိုရာတွင် ဒုံးကျည်ဖြင့် ပုဂ္ဂိုလ်ရေးပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်က မကြာမီရက်ပိုင်းက ပြောခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here