F – 16 တိုက်လေယာဉ်များအား ယူကရိန်းသို့ပေးမည်မဟုတ်ဟု ကန်သမ္မတပြောကြား

0
160

ဝါရှင်တန်၊ဇန်နဝါရီ ၃၁

ကိဗ်အနေဖြင့် ရုရှားတပ်ဖွဲ့များကိုပိုမိုကောင်းမွန်စွာ တိုက်ခိုက်နိုင်ရန် လက်နက်များနှင့်လေကြောင်းဆိုင်ရာအထောက်အပံ့များ ပိုမိုတောင်းဆိုနေချိန်၌ အမေရိကသည် ယူကရိန်းသို့ F – 16 တိုက်လေယာဉ်များ ထောက်ပံ့ပေးမည်မဟုတ်ဟုသမ္မတဂျိုးဘိုင်ဒင်က တနင်္လာနေ့ကပြောကြားခဲ့သည်။

အမေရိက၊ဂျာမနီနှင့်အခြားနိုင်ငံများသည် ပြီးခဲ့သည့်အပတ်က ကိဗ်သို့တင့်ကားများပေးပို့ရန် သဘောတူညီခဲ့ကြပြီး ဘာလင်က Leopard 2 တင့်ကားများပေးပို့မည်ဟုဆိုချိန်တွင် အမေရိကသည် ၎င်း၏ အဆင့်မြင့်ဆုံးတင့်ကားများဖြစ်သည့် M1 Abrams ကိုပေးမည်ဟုဆိုခဲ့သည်။

ယူကရိန်းဒုနိုင်ငံခြားရေးဝန်ကြီး Andrii Melnyk က တင့်ကားများပေးပို့ခြင်းကို ကြိုဆိုသော်လည်း အနောက်မဟာမိတ်များအား Eurofighters၊ Tornados၊French Rafales နှင့် Swedish Gripen တိုက်လေယာဉ်များလည်းပံ့ပိုးပေးရန်တောင်းဆိုခဲ့သည်။

ယူကရိန်းအနေဖြင့် တိုက်လေယာဉ်များရပါက ၎င်း၏လေပိုင်နက်အား ပြန်လည်ထိန်းချုပ်နိုင်စေမည်ဟုဆိုခဲ့ပြီး ပြင်သစ်သမ္မတအမန်နူရယ်မက်ခရွန်ကမူ တိုက်လေယာဉ်ပေးခြင်းမပေးခြင်းကိုမဆုံးဖြတ်ပေးနိုင်သော်လည်း ပဋိပက္ခပိုမိုကြီးထွားအောင်မလုပ်မိရန်တော့သတိပေးခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဂျာမန်ဝန်ကြီးချုပ်က ယူကရိနိးအားတင့်ကားများပေးခြင်းသည် ကတိတစ်ခုဖြည့်ပေးရုံသာဖြစ်ပြီး နေတိုးစစ်ရေးမဟာမိတ်များအနေဖြင့် ရုရှားနှင့်စစ်ပွဲ၌ ပါဝင်ပတ်သက်ခြင်းမျိုးမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here