တိုက်ပွဲတွင် ကျဆုံးသွားသော အမေရိကန် NAVY SEAL တပ်ဖွဲ့ဝင်ဟောင်း အတွက် ယူကရိန်း ဝမ်းနည်းကြောင်းဆို၊ ဗြိတိန်က ယူကရိန်းသို့ တိုက်လေယာဉ်များ ပေးပို့မည်မဟုတ်

0
290

အမေရိကန်ရေတပ် NAVY SEAL တပ်ဖွဲ့ဝင်ဟောင်း ဒယ်နီယယ်ဆွစ်(Daniel Swift) ယူကရိန်းစစ်မြေပြင်တွင် အင်္ဂါနေ့က ကျဆုံးခဲ့ခြင်းအတွက် ယူကရိန်းအစိုးရက ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်သည်။

ဗြိတိန်နိုင်ငံ၏ တိုင်ဖွန်းနှင့် F-35 တိုက်လေယာဉ်များသည် လွန်စွာခေတ်မီပြီး၊ ပျံသန်းမှုကို လေ့လာရန် လပေါင်းများစွာကြာမြင့်မည်ဖြစ်သောကြောင့် ယူကရိန်းသို့ အဆိုပါ တိုက်လေယာဉ်များ ပေးပို့ခြင်းသည် လက်တွေ့မကျကြောင်း ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်၏ ပြောရေးဆိုခွင့်ရှိသူ မက်စ်ဘလိမ်းက အင်္ဂါနေ့က ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရက ထိုသို့ငြင်းပယ်လိုက်ပြီးနောက် ယူကရိန်းက မိမိတို့၏ လေပိုင်နက်ကို ခိုင်မာစွာထိန်းချုပ်နိုင်ရေးအတွက် အခြားနိုင်ငံများအနေဖြင့် “တိုက်လေယာဉ် ညွှန့်ပေါင်းတပ်ဖွဲ့”ဖွဲ့စည်း ပံ့ပိုးပေးစေလိုကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် တိုက်လေယာဉ်များ အထူးလိုအပ်နေကြောင်း အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး အာမက်စ်ရိန်းဆလူးကို ယူကရိန်းအစိုးရက ထပ်မံပြောကြားခဲ့သေးသည်။

တစ်ချိန်တည်းမှာပင် ဥရောပ လက်နက်ရောင်းဝယ်သူတို့ ယူကရိန်းစစ်ပွဲကို အခြေပြုပြီး အထူးအမြတ်အစွန်းထုတ်နေကြကြောင်း အထောက်အထားများကို ယူကရိန်းနိုင်ငံထုတ် သတင်းစာတစ်စောင်က ဖွင့်ဟထားသော သတင်းဆောင်းပါးတစ်ပုဒ်ကို အင်္ဂါနေ့က ရေးသားဖေါ်ပြခဲ့သည်။

ပြင်သစ်နိုင်ငံကမူ ယူကရိန်းသို့ ဟော်ဝစ်ဇာ အမြောက်များ ထပ်မံပေးပို့မည်ဟု ကတိပြုခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here