ရန်ကုန်မြို့ရှိ ကန်တော်ကြီးကန်ပတ်လမ်းတွင် အမျိုးသားတစ်ဦးကားတိုက်ခံရ၍သေဆုံး

0
372

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ကန်ရိပ်သာလမ်း(ကန်တော်ကြီးကန်ပတ်လမ်း)တွင် ဖေဖော်ဝါရီ ၁ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးကန်ပတ်လမ်းတွင် ကားတိုက်ခံထားရသည့် ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိရသဖြင့် မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

“ကန်တော်ကြီး ကန်ပတ်လမ်းက ဟော်ကီကွင်းရှေ့မှာဖြစ်သွားတာပါ ကားနဲ့တိုက်ပြီးမောင်းပြေးသွားတာပါ မနက်အစောကြီးထဲကဖြစ်ထားတာ ပတ်ဝန်းကျင်မှာကလည်း လူမရှိတဲ့အချိန်ပေါ့ တိုက်တဲ့အရှိန်ကအတော်ပြင်းနိုင်တယ် သေဆုံးတဲ့လူရဲ့ မျက်နှာလုံးဝပျက်စီးသွားတယ် အရိုးတွေလည်းကြေမွကုန်တာ”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ရုပ်အလောင်းအား မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး စုံစမ်းနေပါတယ်”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here