စိန်​ခေါ်ခံ​နေရ​သောမြန်မာ့စွမ်းအင်ကဏ္ဍအတွက် မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေး

0
155

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦးနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု-ဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးမှ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု-ဥက္ကဋ္ဌအား ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား  နှစ်နိုင်ငံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့  စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှတာဝန်ရှိသူများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများနှင့်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here