မြန်မာသံရုံး၊ကွာလာလမ်ပူမြို့၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းအား ဖေဖော်ဝါရီ ၆ ရက်မှစ၍ ယာယီရပ်နားမည်

0
222
Myanmar embassy in Kuala Lumpur. AZHAR MAHFOF/The Star.

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းအား ဖေဖော်ဝါရီ ၆ ရက်မှစတင်၍ ယာယီရပ်နားထားမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ အသိပေးခဲ့သည်။

မြန်မာသံရုံး၊ကွာလာလမ်ပူမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်(Passport Printer)များနှင့်ကွန်ပျူတာများအား ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရမည်ဖြစ်၍ ယာယီရပ်နားရခြင်းဖြစ်ကြောင်း သိရသည်။

ပြုပြင်မှုများပြီးစီးပါက နိုင်ငံကူးလက်မှတ်ပြန်လည်ထုတ်ပေးမည့်ရက်အား အသိပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ကွာလာလမ်ပူမြို့က ထုတ်ပြန်ခဲ့သည်။

နိုင်ငံကူးလက်မှတ်ကိစ္စများအတွက် ရက်ချိန်းယူခြင်း၊မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ထုတ်ပေးသည့်ကိစ္စများ၊ထောက်ခံစာများ ထုတ်ပေးခြင်းနှင့်ဗီဇာလျှောက်ထားသည့်ကိစ္စများကိုမူ ရုံးဖွင့်ရက်များ၌ ပုံမှန်အတိုင်းဆောင်ရွက်ပေးသွားမည်ဟု အသိပေးခဲ့သည်။

မြန်မာသံရုံး၊ကွာလာလမ်ပူမြို့သည် မလေးရှားနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ကိစ္စများ၊မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးသည့်ကိစ္စများ၊ထောက်ခံစာများ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here