တရုတ်-အမေရိက တင်းမာမှုကြား ဖြစ်ပေါ်လာမည့် စစ်ပွဲကို တားဆီးရန် နိုင်ငံအားလုံးက ပါဝင်ကူညီရမည်ဟု ဩဇီနိုင်ငံခြားရေးဝန်ကြီး ပြောလာ

0
251

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က အင်ဒို-ပစိဖိတ် ဒေသတွင် စစ်မက်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် နိုင်ငံတိုင်း ပါဝင်ကူညီကြရန် တောင်းဆိုခဲ့သည်။

အမေရိကနှင့် တရုတ်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်လာသည့်ကြားတွင် အင်ဒို-ပစိဖိတ်ဒေသည် ပိုမိုအန္တရာယ်များလာပြီး မငြိမ်မသက်ဖြစ်လာနေကြောင်း ဝေါင်က လန်ဒန်မြို့တွင် ဇန်နဝါရီလ ၃၁ ရက် အင်္ဂါနေ့က သတိပေးခဲ့သည်။

“အင်ဒို-ပစိဖိတ်ဒေသမှာ ပဋိပက္ခတွေ အရေးအခင်းတွေ ပေါ်ပေါက်ခဲ့ရင် ကျွန်မတို့ရဲ့ ပြည်သူတွေနဲ့ သာယာဝပြောရေးအတွက် ကပ်ဘေးဖြစ်လာပါလိမ့်မယ်” ဟု ဝေါင်က ကင်းစ် ကောလိပ် လန်ဒန် တက္ကသိုလ်တွင် ပြောကြားခဲ့သည်။

“နိုင်ငံအားလုံးအနေနဲ့ ဒီ ကြီးမားလှတဲ့ ပဋိပက္ခကို ရှောင်လွှဲနိုင်ဖို့အတွက် သူတို့ရဲ့ နိုင်ငံတော်အာဏာ၊ ဩဇာလွှမ်းမိုးမှုတွေ၊ အဆက်အသွယ်တွေနဲ့ စွမ်းရည်တွေကို ဘယ်လိုအသုံးချရမယ်ဆိုတာကို ပြန်လည်မေးခွန်းထုတ်ရပါမယ်” ဟု ဝေါင်က ဆိုသည်။

အမေရိကနှင့် တရုတ်တို့ကြား ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ တိုးလာသောကြောင့် အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ၂၀၂၅ ခုနှစ်အရောက်တွင် ထိုအရေးကြောင့် ၎င်းတို့ကြား စစ်မက်ဖြစ်ပွားလာနိုင်သည်ဟု မကြာသေးမီကမှ ခန့်မှန်းထားခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here