ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ်ရှိ ဖူးပွင့်လျက်ရှိသောချယ်ရီပန်းပင်တန်းသို့ လာရောက်လည်ပတ်သူများရှိနေ

0
445

ရှမ်းပြည်နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ်၊ကျောက်တန်းကျေးရွာအုပ်စု၊ကျောက်တန်းကျေးရွာရှိ ဖူးပွင်းလျက်ရှိသော ချယ်ရီပန်းပင်တန်းသို့ လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။

“ဇန်နဝါရီတတိယပတ်ထဲမှာ တော်တော်ပွင့်တယ် အခုချိန်ထိလည်းပွင့်နေတာဆိုတော့ လာပြီးလည်တဲ့လူတွေများတယ် ဓာတ်ပုံရိုက်တဲ့လူတွေ ညနေဘက်လမ်းလာလျှောက်ရင်း ချယ်ရီပန်းတွေပွင့်တာကိုလာကြည့်တဲ့လူတွေများတယ် ကျွန်တော်တို့ဆိုရင် ချယ်ရီပန်းတန်းနဲ့နီးတော့ မကြာခနရောက်ဖြစ်တယ် အရမ်းလှတယ်ဗျာပွင့်နေတာတွေက”ဟု ဟိုပုံးမြို့နယ်နေ ကိုဝေယံဖြိုးကပြောသည်။

အဆိုပါ ကျောက်တန်းကျေးရွာရှိ ချယ်ရီပင်တန်းအား ခရီးသွားများအား စွဲဆောင်နိုင်ရန်သေချာစွာပြုလုပ်၍ ဟိုပုံးမြို့နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ဒေသခံများက ဆန္ဒရှိနေကြကြောင်း သိရသည်။

“ချယ်ရီပင်တန်းကို သေချာလုပ်ပြီး ခရီးသွားတွေကိုစွဲဆောင်နိုင်ပြီဆိုတာနဲ့ ဒေသထွက်ကုန်တွေ ဒေသအစားအစာတွေ ဒေသခံတွေအတွက် အများကြီးအဆင်ပြေလာနိုင်တယ် သဘာဝအလှအပတွေကို အခုနောက်ပိုင်းခရီးသွားတွေက ပိုပြီးသဘောကျလာကြတာကို သတိထားမိတယ်”ဟု ကိုဝေယံဖြိုးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here