မြ၀တီမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ စိတ်ကြွ ဆေးပြားများနှင့်လက်နက်ခဲယမ်းများဖမ်းမိ

0
182

ကရင်ပြည်နယ်၊မြဝတီမြို့တွင် နေအိမ်တစ်လုံးအတွင်းမှ စိတ်ကြွဆေးပြားများနှင့်လက်နက်ခဲယမ်းများအား ဇန်နဝါရီ ၃၁ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၆ နာရီ ၁၅ မိနစ်ခန့်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့၀င်များသည် မြ၀တီမြို့၊အမှတ်(၅)ရပ် ကွက်၊မြတ်လင်းအေးမြိုင်လမ်းရှိ ထွန်းထွန်း၀င်း (ခ)စောထွန်း(၃၀)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ကြသည်။

နေအိမ်အတွင်း၌ ၎င်းနှင့်အတူ အောင်၀င်းကို(ခ) ကုလား(၃၂)နှစ်နှင့်ရဲထွန်း(ခ)အဖူး(၃၈)နှစ်တို့အား နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၃၄၀၀ ပြား၊ပစ္စတိုသေနတ် ၂ လက်၊ကျည်အိမ် ၁ ခု၊ကျည်မျိုးစုံ ၃၀၀ တောင့်၊ဖုန်း ၃ လုံးနှင့် Nissan X-Trail ကား ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မြ၀တီမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here