မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းအပါအဝင် ၆ ဦးအားတာဝန်မှအနားယူခွင့်ပြု

0
353

နစက မှ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းအပါအဝင် ၆ ဦးအား တာဝန်မှအနားယူခွင့်ပြုခဲ့သည်ဟု ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည့် ဦးဇော်လင်းထွန်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၁၃/၂၀၂၃ ဖြင့်တာဝန်မှအနားယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဇော်ဝင်း၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးစောဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးမင်းမင်းဦးနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်းတို့ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၁၂/၂၀၂၃ ဖြင့်တာဝန်မှအနားယူခွင့်ပြုခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here