ကောသောင်းမြို့ရှိ ရွှေဝက်ဝံတံတားတွင် ဆိုက်ကပ်ထားသည့် စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွား

0
206

တနင်္သာရီတိုင်း၊ကော့သောင်းမြို့၊အေးရိပ်ငြိမ်ရပ်ကွက်ရှိ ရွှေဝက်ဝံတံတားတွင် ဆိုက်ကပ်ထားသည့် စက်လှေတစ်စီး ဖေဖော်ဝါရီ ၂ ရက်(ယနေ့) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီ ၄၈ မိနစ်ခန့် ကော့သောင်းမြို့၊အေးရိပ်ငြိမ်ရပ်ကွက်ရှိ ရွှေဝက်ဝံ တံတားတွင် ဆိုက်ကပ်ထားသည့် စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ကော့သောင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၇ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်ချိန် ၂ နာရီခွဲကျော်ကြာတယ် စက်လှေတစ်စီးလုံးကုန်သလောက်နီးပါးဖြစ်သွားပါတယ်”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here