ယခုနှစ် ဂရမ်မီဆုပေးပွဲသို့ အစီအစဉ်တင်ဆက်သူအဖြစ် အမေရိကန် သမ္မတကတော် ဂျေးလ်ဘိုင်ဒင် တက်ရောက်မည်

0
179

အမေရိကန်သမ္မတကတော် ဂျေးလ် ဘိုင်ဒင်သည် ယခုနှစ် ဂရမ်မီဆုပေးပွဲသို့ အစီအစဉ် တင်ဆက်သူအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီလ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဂျေးလ် ဘိုင်ဒင်နှင့်အတူ ဂရမ်မီတွင် ပါဝင်သွားမည့် အခြား အစီအစဉ်တင်ဆက်သူများမှာ ရပ်(ပ်) အဆိုတော် ကာဒီဘီ၊ ပေါ့အဆိုတော် အိုလီဗီယာ ရိုဒရီဂို၊ မင်းသားကြီး ဒဝိန်း ဂျွန်ဆင်နှင့် လူရွှင်တော် ဂျိမ်းဂေါ်ဒန်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂီတလောက၏ ထိပ်တန်း ဆုပေးပွဲဖြစ်သည့် ဂရမ်မီသို့ တက်ရောက်ဖူးသူမှာ ဂျေးလ်ဘိုင်ဒင် တစ်ယောက်တည်းပင် မဟုတ်ပေ။

သမ္မတကတော်ဟောင်း မီရှဲလ် အိုဘားမားသည်လည်း ၂၀၁၉ ခုနှစ်တွင် ဂရမ်မီ ဆုပေးပွဲသို့ တက်ရောက်ခဲ့ပြီး တစ်နှစ်အကြာတွင် သူ၏ အရောင်းရဆုံး စာအုပ်ဖြစ်သော “Becoming” ၏ အသံသွင်းစာအုပ်ဗာရှင်းဖြင့် အကောင်းဆုံး စကားပြော အယ်လ်ဘမ်ဆုကို ရရှိခဲ့သည်။

အလားတူ ဟစ်လာရီ ကလင်တန်သည်လည်း သမ္မကတော်ဖြစ်စဉ် ၁၉၉၇ ခုနှစ်က သူ၏ စာအုပ် “It Takes a Village” ဖြင့် အကောင်းဆုံး စကားပြော အယ်လ်ဘမ်ဆုကို ရရှိခဲဖူးသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here