တရုတ်၏စိုးရိမ်မှုများကြားမှပင် ဖိလစ်ပိုင်၌ အမေရိကစစ်အခြေစိုက်စခန်း တိုးချဲ့တည်ဆောက်ခွင့်ရ

0
236

မနီလာ၊ဖေဖော်ဝါရီ ၂

အငြင်းပွားတောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ခိုင်မာမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်အပေါ် တင်းမာမှုများမြင့်တက်နေချိန်တွင် ဖိလစ်ပိုင်သည် အမေရိကအားစစ်အခြေစိုက်စခန်းများတိုးချဲ့ခွင့်ပြုလိုက်‌ကြောင်းကို ဖေဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံလုံး၏ကာကွယ်ရေးဝန်ကြီးဌာနများထုတ်ပြန်ချက်တွင် ဝါရှင်တန်သည် ၂၀၁၄ ခုနှစ်က စတင်ခဲ့သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (EDCA) အရ နောက်ထပ် တည်နေရာလေးခု၌ တည်ဆောက်ခွင့်ရမည်ဖြစ်ကြောင်းပါရှိသည်။

အမေရိကသည် EDCA လက်အောက်မှ လက်ရှိတည်ဆောက်ဆဲနေရာငါးခုအတွက် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် ကန်ဒေါ်လာ ၈၂ သန်းကျော် ဘတ်ဂျက်ခွဲဝေ ချထားပေးထားကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

EDCA သည် ပူးတွဲလေ့ကျင့်ရေး၊စက်ပစ္စည်းကိရိယာများကြိုတင်နေရာချထားခြင်းနှင့် ပြေးလမ်းများ၊လောင်စာဆီသိုလှောင်မှုနှင့် စစ်ဘက်အိမ်ရာများကဲ့သို့သော အဆောက်အအုံများ တည်ဆောက်ခြင်းအတွက် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုအား နိုင်ငံတွင်းသို့ဝင်ထွက်ခွင့်ပြုခဲ့သော်လည်း အမြဲတမ်းအ‌‌‌ခြေချထားရှိရန်တော့မဟုတ်ဟုဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here