နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု အပါအဝင် အမှူ ၂၃ မျိုးအား စစ်ခုံရုံးဖြင့်စစ်ဆေးသွားမည်

0
427

နစက မှ တိုင်းနှင့်ပြည်နယ် ၈ ခုရှိ မြို့နယ် ၃၇ ခုအား ဖေဖော်ဝါရီ ၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေးပေးအပ်ခဲ့သည်။

စစ်အုပ်ချုပ်ရေးနယ်မြေများရှိ တိုင်းမှူးများသည် သက်ဆိုင်ရာဒေသ၏ အုပ်ချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်ရမည်ဖြစ်ပြီး တရားစီရင်ရေးကိစ္စများ ဆောင်ရွက်ရန်ပါဝင်သည်။

စစ်အုပ်ချုပ်ရေးနယ်မြေ၌ စစ်ခုံရုံးဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော်(သို့) တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကိုနှောင့်နှေးစေခြင်း(သို့)ပျက်ပြားစေခြင်း(ရာဇ သတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ (သို့)အစိုးရအမှုထမ်းများကိုဟန့်တားခြင်း(သို့) နှောင့်ယှက်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ တို့အားစစ်ဆေးအရေး ယူသွားမည်ဖြစ်သည်။

အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ  ထိတ်လန့်စေခြင်း၊သွေထိုးလှုံ့ဆော်ခြင်း၊မမှန်သတင်းများဖြန့်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအ သင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှု၊ လုယက်မှု၊ ဓားမြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများကိုလည်း စစ်ဆေးအရေးယူသွားမည်ဖြစ်သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊ ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရပြစ် မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ် ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေအရပြစ်မှုများ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ရပ်ကွက် (သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများကိုလည်း စစ်ခုံရုံးဖြင့်စစ်ဆေးအရေးယူသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here