ဟွန်ဒါနှင့်ဂျီအမ်တို့ပေါင်း၍ ဟိုက်ဒရိုဂျင်လောင်စာသုံးစနစ်ကိုစတင်ထုတ်လုပ်မည်

0
1201

တိုကျို၊ဖေဖော်ဝါရီ ၂

ဂျပန်နိုင်ငံမှဟွန်ဒါ‌မော်တာကုမ္ပဏီသည် ယခုနှစ်အတွင်း အ မေရိက ဂျီအမ်မော်တာကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ထားသည့် ဟိုက်ဒရိုဂျင်လောင်စာသုံးစနစ်သစ်ကို စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါလောင်စာစနစ်အား ဟိုက်ဒရိုဂျင်လုပ်ငန်းကို ချဲ့ထွင်ရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် ယခုဆယ်စုနှစ်အတွင်းရောင်းအားကိုအရှိန်မြှင့်မည်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ဟွန်ဒါသည် ယခုဆယ်စုနှစ်လယ်၌ လောင်စာ ဆဲလ် စနစ်သစ်သုံး မော်တော်ယာဉ်နှစ်စဉ်ရောင်းချမှုအား အစီးရေ ၂,၀၀၀ ခန့်အထိ ရည်ရွယ်ထားပြီး ၂၀၃၀ ပြည့်နှစ်အထိ တစ်နှစ်လျှင်အစီးရေ ၆၀,၀၀၀ အထိ မြှင့်တင်ရန်ရည်မှန်းထားသည်ဟု ကုမ္ပဏီက ဖေဖော်ဝါရီလ ၂ ရက်တွင်ပြောကြားခဲ့သည်။

ဟွန်ဒါသည် ဟိုက်ဒရိုဂျင်သုံးလောင်စာကို ကိုယ်ပိုင်လျှပ်စစ်ယာဉ် (FCEV) များအတွက်သာမကဘဲ အကြီးစားထရပ်ကားများ၊ဓာတ်အားပေးစက်ရုံများနှင့် ဆောက်လုပ်ရေးစက်ပစ္စည်းများတွင်ပါ တိုးချဲ့အသုံးပြုရန်ကြိုးပမ်းနေကြောင်းသိရသည်။

ဟွန်ဒါသည် ဂျီအမ်နှင့်ဖက်စပ်လုပ်ကိုင်ထားသည့် ဟိုက်ဒရိုဂျင်လောင်စာစနစ်ကို ယခုနှစ်အတွင်း စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း ဟွန်ဒါ အကြီးတန်းစီမံခန့်ခွဲမှု အမှုဆောင် ဒါရိုက်တာ ရှင်းဂျိအိုရိုမာက တိုကျို၌ပြုလုပ်သည့် ကုမ္ပဏီပွဲအတွင်း သတင်းထောက်များအားပြောကြားခဲ့ကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here