သမိုင်းဘူတာရုံလမ်းနှင့်အထက်ဗဟိုလမ်းထောင့်မီးပွိုင့်တွင် အိမ်စီးကား ၂ စီးတိုက်

0
351

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊အမှန်(၂)ရပ်ကွက်ရှိ သမိုင်းဘူတာရုံလမ်းနှင့်အထက်ဗဟိုလမ်းထောင့်မီးပွိုင့်တွင် ဖေဖော်ဝါရီ ၃ ရက်(ယနေ့) နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က မရမ်းကုန်းမြို့နယ်၊အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဘူတာရုံလမ်းနှင့်အထက်ဗဟိုလမ်းထောင့်မီးပွိုင့်တွင် ကား ၂ စီးတိုက်မိကြောင်းသတင်းအရ ရွှေရောင်သမိုင်းအသင်းမှ ကူညီကယ်ဆယ်ရေးပြုလုပ်ရန် သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ အိမ်စီးကား ၂ စီးတိုက်မိခဲ့ခြင်းဖြစ်ပြီး ကားခေါင်းများပျက်စီးနေပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိသဖြင့် လမ်းရှင်းလင်းရေးလုပ်ငန်းများအား ဝိုင်းဝန်းကူညီပေးခဲ့ကြကြောင်း သိရသည်။

“မျက်နှာချင်းဆိုင်တိုက်ထားတဲ့အနေအထားပါ ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး ကားခေါင်းတွေပျက်စီးပြီး လမ်းပေါ်ကျနေတဲ့ပစ္စည်းတွေကို ရှင်းပေးခဲ့ပါတယ် လမ်းပိတ်ဆို့မှုမဖြစ်အောင်လည်းကူညီပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ရွှေရောင်သမိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here