တရုတ်ဖိုက်တာနဲ့ ထိုးသတ်ရဦးမယ့် အောင်လအန်ဆန်

0
221

မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်လို့ One Championship ဘက်က ဖေဖော်ဝါရီလ ၃ ရက်မှာ အသိပေးလာပါတယ်။

ချန်ပီယံဖြစ်ဖို့ ပြန်လည်ကြိုးစားနေတဲ့ အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ဟာ လာမယ့် မေလ ၅ ရက်၊ အမေရိကန်နိုင်ငံမှာကျင်းပမယ့် ပွဲစဉ်အတွင်း Middle Weight တန်းအဖြစ်ထိုးသတ် သွားမယ်လို့ သိရပါတယ်။

အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ဟာ ဒီနှစ်အစောပိုင်းက ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် Fan Rong မှာ ကိုဗစ်ပိုးတွေ့ခဲ့လို့ အောင်လအန်ဆန်ဟာ ဘရာဇီးဖိုက်တာ Gilberto Galvao နဲ့ ထိုးသတ်ခဲ့ရပါတယ်။

အောင်လအန်ဆန်ဟာ သူ့ရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်တွေလက်လွတ်ခဲ့ရပြီး ပြန်လည်ယှဥ်ပြိုင်ရာမှာ တတိယမြောက်နိုင်ပွဲ ရရှိထားပြီး နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၂ ပွဲမှာဆိုရင်လည်း ပထမအချီနဲ့ အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ တရုတ်ဖိုက်တာ Fan Rong ကို ထပ်မံအနိုင်ရခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ချန်ပီယံခါးပတ်တွေအတွက် ပြန်လည်စိန်ခေါ်ခွင့်ရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here