ပါကစ္စတန်ဗလီဗုံးခွဲမှုကျူးလွန်သူကရဲယူနီဖောင်းဝတ်ထားခြင်းမှာ စစ်ဆေးမှုလျော့နည်းခြင်းကြောင့်ဖြစ်ဟုရဲတပ်ဖွဲ့အကြီးအကဲဆို

0
274

ပက်ရှာဝါ၊ဖေဖော်ဝါရီ ၂

ပါကစ္စတန်ရဲနယ်မြေတစ်ခု၏ ဗလီအတွင်းဝင်ရောက်အသေခံဗုံးခွဲသူသည် ရဲယူနီဖောင်းဝတ်ကာ ဦးထုပ်ဆောင်းထားပြီး ဗလီအတွင်းဝင်ရောက်လာခြင်းက စစ်ဆေးမှုလျော့နည်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါဗုံးခွဲမှုကြောင့် လူပေါင်း ၁၀၁ ဦးသေဆုံးခဲ့ကြောင်းလည်းသိရသည်။ “သူက ရဲယူနီဖောင်းဝတ်ထားတာကြောင့် အဲ့ဒီအချိန်တာဝန်ကျနေတဲ့သူတွေက သူ့ကိုထူးထူးထွေထွေမစစ်ဆေးလိုက်တာကြောင့် အခုလိုဖြစ်ရတာပါ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါဖောက်ခွဲမှုပြုလုပ်ချိန်၌ ဗလီအတွင်း ရဲဝန်ထမ်းများမွန်းလွဲပိုင်း ဆုတောင်းဝတ်ပြုနေချိန်ဖြစ်ပြီး ဖောက်ခွဲမှုကြောင့် ဗလီနံရံများပြိုကျကာ အများအပြားသေဆုံးစေခဲ့သည်။အာဏာပိုင်များအနေဖြင့်လည်း မြို့တော်၏လုံခြုံရေးတင်းကြပ်ထားရာနေရာများထဲမှတစ်ခုအပါအဝင်ဖြစ်သည့် ဤနေရာ၌ ယခုကဲ့သို့အကြီးစားလုံခြုံရေးကျိုးပေါက်မှုဖြစ်ခဲ့ရခြင်းအတွက်စုံစမ်းနေကြောင်းသိရသည်။

ယခုဖြစ်စဉ်သည် နှစ်ပေါင်းများစွာအတွင်း ပါကစ်စတန်၏ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး  ၂၀၂၁ ခုနှစ်တွင် အာဖဂန်အား တာလီဘန်တို့သိမ်းလိုက်ပြီးနောက် ဒေသတွင်း အဆိုးဆုံးအကြမ်းဖက်မှုတစ်ခုလည်းဖြစ်လာခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here