ဝန်ထမ်းများအနေဖြင့် ပါတီစွဲ၊လူမျိုးစွဲ၊ဘာသာစွဲ၊ပုဂ္ဂိုလ်စွဲမထားကြရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှာကြား

0
363

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် Jeng Phang နော်တောင်မှ ဖေဖော်ဝါရီ ၂ ရက်မွန်းလွဲပိုင်းက ဝန်ထမ်းများအားတွေ့ဆုံနှုတ်ဆက်ရာတွင်မှာကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာန၏ ရည်မှန်းချက်များပေါက်မြောက်အောင်မြင်ရန် ဝန်ထမ်းများကြိုးစားဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်ကို မမေ့ကြရန် မှာကြားခဲ့သည်။

ထို့ပြင် ဝန်ထမ်းများသည် ပါတီစွဲ၊လူမျိုးစွဲ၊ဘာသာစွဲ၊ပုဂ္ဂိုလ်စွဲမထားရန်နှင့်ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်တို့ကို ဦးထိပ်ပန်ဆင်ကြပြီး ဆောင်ရွက်ကြရန်လည်းမှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဟောင်း)ဦးစောထွန်းအောင်မြင့်မှလည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကိုလိုက်နာ၍ ဥပဒေဘောင်နှင့်အညီ နေထိုင်သွားကြရန် ဝန်ထမ်းများအားနှုတ်ဆက်စကားပြောကြားရာ၌ မှာကြားခဲ့သည်။

ဒု-ဝန်ကြီးဦးဇော်အေးမောင်မှလည်း ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် ဒို့တာဝန်အရေး(၃)ပါးနှင့်အညီ ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဟောင်း)ဦးစောထွန်းအောင်မြင့်၊ ဒု-ဝန်ကြီး ဦးဇော်အေးမောင်၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒု-အမြဲတမ်းအတွင်းဝန်၊ ဒု-ညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here