လမ်းချော၍စလစ်ဖြစ်ကာ ၁၅ ပေခန့်မြင့်သည့် တံတား‌ပေါ်မှကားတစ်စီးပြုတ်ကျ

0
268

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး၏ ဂုတ်တွင်းအဆင်း ကျောက်မဲရေကန်ရှုခင်းသာအကျော်တွင် ဖေဖော်ဝါရီ ၃ ရက် (ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က အိမ်စီးကားတစ်စီးသည် ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး၏ ဂုတ်တွင်းအဆင်း ကျောက်မဲရေကန်ရူ့ခင်းသာအကျော်တံတားတွင် လမ်းချောစလစ်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ ၁၅ ပေခန့်အမြင့်ရှိတံတား‌ပေါ်မှအောက်သို့ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်တွင် အိမ်စီးကားပေါ်တွင် မောင်းနှင်လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့၌ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ မြေပြင်ပြုစုကုသပေးမှုမျပြုလုပ်ပေးခဲ့ကြသည်။

“တံတားအကွေ့မှာ ကားကြီးတွေက ဘီးရေဖျန်းထားတော့ လမ်းပေါ်မှာရေတွေရွဲစိုနေတာကြောင့် စလစ်ဖြစ်ပြီးပြုတ်ကျသွားတာပါ အကွေ့လည်းဖြစ်တော့ ကားလေးတွေသတိထားပြီးမောင်းတာအကောင်းဆုံးပဲ”ဟု ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရခဲ့ကြသူ ၂ ဦးအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ နောင်ပိန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here