၂၀၂၄ ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်တွင် မြန်မာနိုင်ငံမှ လူငယ်တစ်ဦး အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့

0
348

UAE နိုင်ငံတွင် ကျင်းပနေသည့် World Skateboarding Championships 2023 တွင် မြန်မာစကိတ်ဘုတ်အသင်းမှ လူငယ်တစ်ဦးသည် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်းထံမှ သိရသည်။

UAE နိုင်ငံ Aljada Skate Park, Sharaj မြို့တွင် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အထိ ကျင်းပနေသည့် World Skateboarding Championships 2023 ပြိုင်ပွဲတွင် မြန်မာလူငယ် ထက်မြတ်နိုင်သည် Qualifier အဆင့်တွင် ဂျပန်၊ တောင်ကိုးရီးယား၊ ပီရူး၊ နီပေါ၊ ကာဇက်စတန်၊ မက်ဆီကို၊ အိုမန်၊ မော်ရကို၊ မိုဇမ်ဘစ် ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ကစားသမား ၁၆၈ ဦးယှဉ်ပြိုင်သည့်အထဲမှ မြန်မာလူငယ်ထက်မြတ်နိုင်သည် အဆင့် ၅၆ ရခဲ့သော်လည်း အမှတ်အများဆုံးရသည့် ၃၂ ယောက်သာ ကွာတာဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည့်အတွက် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

World Skateboarding Championships 2023 ပြိုင်ပွဲသည် ပြင်သစ်အိုလံပစ်၏ ပွဲစဉ်တစ်ခုဖြစ်ပြီး ပြင်သစ် ၂၀၂၄ အိုလံပစ်၏ ခြေစစ်ပွဲစဉ်အတွက် အမှတ်ရမည့် ပြိုင်ပွဲလည်းဖြစ်ကာ စားရိတ်အားလုံးကို ကမ္ဘာ့အိုလံပစ်ကောင်စီမှ ကျခံမည်ဖြစ်ပြီး ပြိုင်ပွဲသည် မြန်မာစကိတ်ဘုတ်အသင်းအတွက် ဒုတိယအကြိမ်အိုလံပစ်အတွေ့အကြုံဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here