လာမည့် ၆ လ တွင် ယူကရိန်းစစ်ပွဲ အရေးကြီးသည့် အခြေအနေရှိဟု CIA ညွှန်ချုပ်ပြောကြား

0
250

ယူကရိန်းစစ်ပွဲတွင် မိမိတို့အနိုင်ရမည်ဟု ရုရှားသမ္မတပူတင်ကပြောကြားလိုက်ခြင်းအပေါ် အခြေခံ၍ လာမည့် ၆ လတွင် ယူကရိန်းစစ်ပွဲသည် အတိမ်းအစောင်းမခံ အရေးကြီးသည့် အခြေအနေတွင်ရှိလာကြောင်း အမေရိကန် CIA ညွှန်ချုပ် ဝီလျံဘန်းစ်က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ ယူကရိန်းစစ်ပွဲအပေါ် စိတ်ဝင်စားမှုလျော့နည်းလာပြီး၊ နိုင်ငံရေးအရ ပင်ပန်းနွမ်းနယ်မှုများသည် စစ်မြေပြင်တွင် ရုရှားစစ်တပ်အတွက် အခွင့်အလမ်းသစ်များရရှိစေမည်ဖြစ်ကြောင်းကိုလည်း ဝီလျံဘန်းစ်က ပြောသည်။

“ပူတင်က ခုလိုပြောလိုက်တာဟာ သူ့အတွက် အလုပ်လုပ်ဖို့ အချိန်အလုံအလောက်ရှိတာကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ အဓိကအချက် စစ်မြေပြင်ရဲ့ ကီးပွိုင့်ဟာ နောက်ခြောက်လအတွင်းမှာ ရှိနေပါတယ်”ဟုလည်း သူကဆိုသည်။

“ကျွန်တော်တို့ ကြားသိနေရသမျှကိုအခြေခံပြီးတော့ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးဖို့ကို ပူတင်က အလေးအနက်ထားတယ်လို့ ကျွန်တော်တို့ အကဲဖြတ်မထားပါဘူး”ဟုလည်း ဝီလျံဘန်းစ်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here