ဆော်လမွန်ကျွန်းစု၌ အမေရိကန်သံရုံးပြန်လည်ဖွင့်လှစ်

0
207

ဆော်လမွန်ကျွန်းစု၊ဖေဖော်ဝါရီ ၃

တောင်ပစိဖိတ်ဒေသ၌ တရုတ်နိုင်ငံ၏သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းအဖြစ် နှစ် ၃၀ ကြာ ဆိုင်းငံ့ထားသည့်ဆော်လမွန်ကျွန်းစုရှိ အမေရိကန်သံရုံးကို ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်းသည် “ဆော်လမွန်ကျွန်းစုပြည်သူများနှင့် အင်ဒို – ပစိဖိတ် ဒေသရှိ ကျွန်ုပ်တို့၏မိတ်ဖက်များအတွက် ကတိကဝတ်တစ်ရပ်ဖြစ်သည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာချက်တွင်ပြောကြားခဲ့သည်။

စစ်အေးတိုက်ပွဲ အလွန် ၁၉၉၃ ခုနှစ်တွင် အမေရိကသည်  ဟိုနီအာရာမြို့တော်ရှိ ၎င်း၏သံရုံးကိုပိတ်ခဲ့ခြင်းဖြစ်သည်။ယင်းနောက်ဆော်လမွန်တို့ တရုတ်နိုင်ငံနှင့်လျှို့ဝှက်လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်မထိုးမီ ၂၀၂၂ ခုနှစ်အစောပိုင်း၌ သံရုံး ကို ပြန်လည်ဖွင့်လှစ်ရန် ဝါရှင်တန်ကအချက်ပြခဲ့သေးသည်။

အဆိုပါလုံခြုံရေးသဘောတူညီချက်သည် ဆော်လမွန်တို့အနေဖြင့် ပေကျင်းအားပစိဖိတ်ဒေသ၌ ခြေကုပ်ပေးနိုင်သဖြင့် အင်အားကြီးအနောက်နိုင်ငံများအကြား စိုးရိမ်မှုမြင့်တက်လာစေခဲ့သည်။

ယခုပြန်လည်ဖွင့်လှစ်လိုက်သည့်အမေရိကန်သံရုံးသည် ကန်အစိုးရနှင့်ဆော်လမွန်ကြား အဓိကကျသော‌ပေါင်းကူးတစ်ခုအဖြစ် ဆောင်ရွက်သွား ရန် ဖြစ်ကြောင်းလည်း ဖွင့်ပွဲအခမ်းအနား၌ပြောကြားခဲ့သည်။ 

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here