ထောက်လှမ်းရေး မိုးပျံပူဖောင်းဖြစ်ရပ်ကြောင့် တရုတ်ပြည်ခရီးစဉ်အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ရွှေ့ဆိုင်း

0
168

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် သံသယဖြစ်ဖွယ် တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်းကြောင့် သူ၏ တရုတ်နိုင်ငံခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးပျံပူဖောင်းဖြစ်ရပ်သည် ဝါရှင်တန်နှင့် ပေကျင်းကြားရှိ ဆက်ဆံရေးအား ပိုမိုတင်းမာလာစေခဲ့ပေါ်သည်။

အမေရိကန်ပြည်ထောင်စုပေါ် ဖြတ်ကျော်ပျံသန်းသွားသော ထောက်လှမ်းရေး မိုးပျံပူဖောင်းသည် သူ၏ ခရီးစဉ်ကို အနှောက်အယှက်ဖြစ်စေသည့် အခြေအနေများကို ဖန်တီးလိုက်ကြောင်း သောကြာနေ့ညတွင် ပေကျင်းသို့ ထွက်ခွာရန် ပြင်ဆင်နေသော ဘလင်ကန်က ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

တရုတ်ထိပ်တန်း သံတမန် ဝမ်ယိကိုလည်း ခရီးစဉ် ရွှေ့ဆိုင်းလိုက်ကြောင်းကို သောကြာနေ့ နံနက်က ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု သူက ဆိုသည်။

အဆိုပါ အပြုအမူသည် အမေရိက၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာ ဥပဒေကို သိသာထင်ရှားစွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး တာဝန်မဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်းကိုလည်း ဒါရိုက်ဝမ်ယိအား သေသေချာချာ ပြောခဲ့သည်ဟုလည်း ဘလင်ကန်က ပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အဆိုပါ ပူဖောင်းသည် ရာသီဥတု သုတေသနအတွက် အဓိက အသုံးပြုသည့် အရပ်ဘက် ပူဖောင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here