အမေရိကနှင့်တောင်ကိုရီးယား ပူးပေါင်း၍ မြောက်ကိုရီးယားရန်ပိုမိုကာကွယ်ရန် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

0
177

ဝါရှင်တန်၊ဖေဖော်ဝါရီ ၄

မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ တောင်ကိုရီးယားနှင့်အမေရိကတို့သည် လုံခြုံရေး၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ဒုံးကျည်နှင့်နျူစွမ်းရည်များတိုးမြင့်လာမည်ကို စိုးရိမ်နေမှုများကြားမှ အမေရိက၏မဟာမိတ်များအပေါ် တိုက်ခိုက်မှုဟန့်တားနိုင်စွမ်းကြောင့် တောင်ကိုရီးယားဘက်မှယခု ကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“ခိုင်ခံ့တဲ့ပေါင်းစပ်ကာကွယ်ရေးအနေအထားကို ထိန်းသိမ်းထားရင်း တားဆီးမှုကိုတိုးမြှင့်ဖို့ ကျွန်တော်တို့ကတိကဝတ်ပြုထားပါတယ်၊မြောက်ကိုရီးယားရဲ့ရန်စမှုမှန်သမျှကို ပြတ်ပြတ်သားသားစည်းစည်းလုံးလုံးနဲ့ ညီညွတ်စွာတုံ့ပြန်သွားမှာပါ” ဟုလည်းပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် မစ္စတာဘလင်ကန်တွေ့ဆုံမှုသည် စစ်ရေးလေ့ကျင့်မှုနှင့်မြောက်ကိုရီးယား၏နျူဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန်ကတိပြုထားသည့် ကန်ကာကွယ်ရေးဝန်ကြီး မစ္စတာလွိုက်အော်စတင်၏ ဆိုးလ်ခရီးစဉ်အပြီး၌ထွက်ပေါ်လာခြင်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here