အာဆီယံဝန်ကြီးများအစည်းအဝေးသို့ လေ့လာသူအနေဖြင့် ပထမဆုံးအကြိမ်တီမောနိုင်ငံတက်ရောက်

0
206

၃၂ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီ (ACC) အစည်းအဝေးတွင် ပထမဆုံးအကြိမ်အဖြစ် အ ရှေ့တီမောကလေ့လာသူအဖြစ် ပါဝင်လာသည်ဟုသိရသည်။

တီမောလက်စ် နိုင်ငံခြားရေးဝန်ကြီး Adaljiza Magno အား မိတ်ဆက်ကာအစည်းအဝေးတွင် ပါဝင်ရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး အဆောက်အအုံရှိ ခန်းမဆောင်သို့ဖိတ်ခေါ်ခဲ့သည်ဟုဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံရန် တရားဝင် ဆုံးဖြတ်ချက်မချမချင်း အာဆီယံအဆင့် အစည်းအဝေးများကို လေ့လာသူအဖြစ် တီမောသည် တက်ရောက်နိုင်ပြီဟုလည်းသိရသည်။

ယခုအစည်းအဝေးအား အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှား နိုင်ငံခြား‌ရေးဝန်ကြီး ရတ်ထ်ဒနိုမာဆူဒီကဥက္ကဌအဖြစ် တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်သည်။

Source : Khmer times


LEAVE A REPLY

Please enter your comment!
Please enter your name here