သံလွင်မြစ်အတွင်း ရေနစ်ပျောက်ဆုံးသွားသူ၏ ရုပ်အလောင်းအား ပြန်လည်ဆယ်ယူနိုင်ခဲ့

0
231

ကရင်ပြည်နယ်၊ဘားအံမြို့၊ဘားပုတောင်အနီးရှိ သံလွင်မြစ်အတွင်း ရေနစ်ပျောက်ဆုံးသွားသူ၏ ရုပ်အလောင်းအား ဖေဖော်ဝါရီ ၄ ရက်(ယနေ့) နံနက်ပိုင်း၌ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကူညီရေးအသင်းမှ သိရသည်။

သံလွင်မြစ်အတွင်း ဖေဖော်ဝါရီ ၃ ရက်နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်က ဖားအံမြို့နယ်၊လှကာကျေးရွာ၊ဓမ္မပါလရပ်ကွက်နေ မောင်ပြည့်ချမ်းအောင် (၁၈)နှစ် ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရေနစ်ပျောက်ဆုံးနေသူအား ရာမည(မော်လမြိုင်မြို့)Diver Team အဖွဲ့၊မြိုင်ကလေးနယ်မြေမီးသတ်တပ်ဖွဲ့၊မာဃ(သံလွင်အနောက်)လူမူကူညီရေးအဖွဲ့နှင့်ပေးဆပ်သူ(Rescue)အဖွဲ့တို့မှ ဝိုင်းဝန်းရှာဖွေခဲ့ကြသည်။

“သတင်းရရခြင်းမှာ ရှာဖွေရေးတွေလုပ်ခဲ့တယ် မတွေ့ခဲ့ရပါဘူး ညနက်တဲ့အထိရှာဖွေလိုရတဲ့အချိန်အထိရှာခဲ့တယ် ညပိုင်းမှာရှာဖွေရေးနားပြီး မနက်မိုးလင်းထဲကထပ်ရှာခဲ့တဲ့အတွက် ရုပ်အလောင်းကိုပြန်တွေ့ခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်ပျောက်ဆုံးသွားသည့် မောင်ပြည့်ချမ်းအောင်၏ ရုပ်အလောင်းအား ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်၌ ပြန်လည်တွေ့ရှိခဲ့သဖြင့် ဖားအံမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရာမညလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here