ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လူနာတင်ကားအရှိန်မထိန်းနိုင်ဘဲ ဘယ်ရီယာတုံးများတိုက်မိတိမ်းမှောက် ၁ ဦးသေဆုံး

0
373

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ စကားအင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် လူနာ တင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ဘယ်ရီယာတုံးများအားတိုက်မိတိမ်းမှောက်ခဲ့မှု ဖေဖော်ဝါရီ ၄ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ယင်းနေ့ည ၆ နာရီ ၅ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ စကားအင်းအမြန်လမ်းမီး သတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၃၄၀/၀ နှင့် ၃၄၀/၁ ကြားတွင် အမျိုးသား ၃ ဦးနှင့်အမျိုးသ မီး ၃ ဦး လိုက်ပါလာကာ မန္တလေးဘက်မှနေပြည် တော်ဘက်သို့ စေတနာမွန်လူမှုကူညီရေးအသင်းပိုင် Toyota Super Custon(အဖြူရောင်)လူနာ တင်ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

လူနာတင်ကားသည် အခင်းဖြစ်နေရာ၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကာရံထားသည့် ဘယ်ရီယာတုံးများအားတိုက်မိ၍ တိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်အား စကားအင်းအမြန်လမ်းမီးသတ်တပ် ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များနှင့်စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

လူနာတင်ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုး သားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား လူနာတင်ကားများဖြင့် တံတားဦးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here